ချစ်​သူနဲ့ ကျိုက်​ထီးရိုးဘုရား​တောင်​​ပေါ် အတူတက်​ခဲ့တဲ့ သင်​ဇာဝင့်​​ကျော်ရဲ့Live ဗီဒီယို

 ချစ်​စရာ မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ လတ်​တ​လောမှာ သူမရဲ့ချစ်​သူ​လေး မြန်မာပြည်​သို့ အလည်​အပတ်​​ရောက်​ရှိ​နေတာ​ကြောင့်​ အရမ်းကို ​ပျော်​ရွှင်​​နေတာပါ။ မြန်​မာနိုင်​ငံရဲ့ အထင်​ကရ​နေရာ​တွေဆီကိုလည်း ချစ်​သူ​ကောင်​​လေးကို လိုက်​ပို့​ပေး​နေတဲ့ သင်​ဇာက​တော့ ဒီ​နေ့​လေးမှာ ချစ်​သူကို ကျိုက်​ထီးရိုးဘုရားသို့ လိုက်​ပို့​ပေးခဲ့တာ ​တွေ့ရပါတယ်​။ အထမ်းစင်​​လေးကိုယ်​စီစီးပြီး ကျိုက်​ထီးရိုး​တောင်​​ပေါ် တက်​ခဲ့ကြတဲ့ သင်ဇာတို့ချစ်​သူနှစ်​ဦးက​တော့ အရမ်းကို ချစ်​ဖို့​ကောင်း​နေတာပါ​နော်​။မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​  ချစ်​သူနဲ့ ကျိုက်​ထီးရိုးဘုရား​တောင်​​ပေါ် အတူတက်​ခဲ့တဲ့ သင်​ဇာဝင့်​​ကျော်ရဲ့Live ဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

 အဆိုပါ Live ​ဗီဒီယို​လေးထဲမှာ​တော့ သင်​ဇာက အထမ်းသမား​လေး​တွေက အား​ပေးဦးဆိုလို့ အထမ်းနဲ့တက်​ခဲ့တဲ့အ​ကြောင်းကိုလည်း ​ပြောထားပါ​သေးတယ်​။ အရမ်းကိုချစ်​ဖို့​ကောင်းတဲ့ သင်​ဇာ​လေးပါပဲ​နော်​။ချစ်​သူနဲ့ ကျိုက်​ထီးရိုးဘုရား ​ရောက်​​နေတဲ့ သင်​ဇာဝင့်​​ကျော်​ရဲ့ဗီဒီယို



သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ ခရီးသွားရတာကို ဝါသနာပါတဲ့ သင်​ဇာ​လေးက​တော့ မကြာခဏဆိုသလို ပြည်​တွင်း၊ ပြည်​ပခရီး​တွေ ထွက်​​လေ့ရှိပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ကျိုက်​ထီးရိုးဘုရား သွားဖူး​နေတဲ့  သင်ဇာတို့ ချစ်​သူနှစ်ဦးကို သ​ဘောတူရင် ​​​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။
Myint MyatSource:Thinzar Wint Kyaw's Facebook